နေပူမှ စိမ်းလန်း
စိုပြေတဲ့ ပန်းအလှတွေနဲ့
ပနံသင့်လို့ကဗျာဆန်
ပင်ပျိုတွေရွက်နုဖြာလို့
ပင်အိုတွေကြား
လှနေတယ်.......
ပင်မြင့်က ပန်းတော်ဝင်အလား
အသွင်တင့်စွာ အလှဆင်ရင်း
မာနတံခွန်လွှင့်ကာထူလို့
သူလိုကိုယ်အရွယ်တူတွေကို
မတူကာမတန်ဘူးရယ်လို့
ဘ၀င်မြင့်လှချည်လား
ပန်းသခင်ရယ်..
၇နံကထုံကာသင်း
၇ှုရှိုက်ယစ်မူး အလှထူးလို့
စွဲဆောင်ရာတပ်မက်နေရင်း
အတန်ကြာမှ သိလိုက်တာက
မင်းဟာလေ....
အဆိပ်ပန်း တစ်ပွင့်
ဖြစ်ကာနေတယ်.......
အိပ်မက်မဟုတ်ပါ
နှလုံးသားမှခံစားမှုများဖေါ်ပြခြင်း
Wednesday, 23 May 2012
Friday, 18 May 2012
Tuesday, 20 March 2012
အသိတရား
မနက်ဖန်
သိလျက်နဲ့
ဒီနေ့ကိုနေတတ်အောင်
နေဖို့ကြိုးစားရင်း
သွားတာသွားနေ
လှုပ်ရှားမှုမရပ်သရွှေ.
အကြောင်းအရာအစုံနဲ့
ဖြစ်ပြီးရင်ပျက်
အဘက်ဘက်ကတွက်တော့
ရှည်လျားထွေပြားပြီး
ဦးနှောက်တွေစား
မျက်မှောက်အမှားတွေလား
အမြင်မှာမပီပြင်ဘူး
ေ၇ှ့တလှမ်း
ထပ်ကာတိုးတိုင်း
အသိတရားတွေ
ပိုလာတယ်...........
သိလျက်နဲ့
ဒီနေ့ကိုနေတတ်အောင်
နေဖို့ကြိုးစားရင်း
သွားတာသွားနေလှုပ်ရှားမှုမရပ်သရွှေ.
အကြောင်းအရာအစုံနဲ့
ဖြစ်ပြီးရင်ပျက်
အဘက်ဘက်ကတွက်တော့
ရှည်လျားထွေပြားပြီး
ဦးနှောက်တွေစား
မျက်မှောက်အမှားတွေလား
အမြင်မှာမပီပြင်ဘူး
ေ၇ှ့တလှမ်း
ထပ်ကာတိုးတိုင်း
အသိတရားတွေ
ပိုလာတယ်...........
Monday, 20 February 2012
တန်ကြေး
ရုန်းကန်အားနဲ့
အသပြာငွေအတွက်
စွန့်ကာစားလို့
ပြောမကုန်တဲ့
လောကကျယ်မှာ
အပေးအယူ
အရင်းအနှီး
မကြားရက်အောင်
ရှိခဲ့ကြားမှာ
တွယ်ကာနှောင်ဖွဲ့
သံယောဇဉ်လည်း
တဖွဖွပြောတဲ့
အချစ် ဆိုတာလည်း
နှလုံးသားသက်သက်
ခံစားမှုတွေလည်း
ဒီ အသပြာအတွက်
လဲ ခဲ့ ကြ တယ်.........
Wednesday, 15 February 2012
အမေ ထံသို့
မသိတာ မဟုတ်ခဲ့ဘူးအမေ
မရှိတာကို ထုတ်ပြောဖို့ခက်တာပါ
စွန့်ခွာတာကြာခဲ့တော့
အမေ့ရင်ကိုသတိရပါတယ်
လမ်းတွေကခက်တယ်အမေ
အလှမ်းတွေလည်းကွာဝေးတော့
အမေ့သားအသိတွေက
ပြင်ဖို့ကြိုးစားရင်း
ခက်သထက်ခက်
နက်သထက်နက်ပါတယ်
အမေ့ဆီကပို့သမေတ္တာတွေလေ
သား ကျေနပ်စွာခံယူရင်းနဲ့
သားမပျော်တဲ့ ဒီလိုနေရာတွေမှာ
ဝမ်းစာအတွက်ကြိတ်မှိတ်ငြိမ်ခံရင်း
တာဝန်မကျေတဲ့ သားအပြစ်တွေအတွက်
ခွင့်လွှတ်ပါလို့ တောင်းပန် ကန်တော့ရင်း
အမေ ကျန်းမာချမ်းသာပါစေလို့သာ.......
Wednesday, 8 February 2012
လွမ်း တဲ့အခါ
လွမ်းတဲ့အခါ
စာရွက်ပေါ်ချမေ၇းဖြစ်တဲ့
နှလုံးသားမှစကားတွေလဲ
ငါ့စိတ်ထဲဖွင့်အံထွက်လို့
ချစ်သူဆီအေ၇ာက်
သွားခဲ့တယ်.....
လွမ်းတဲ့အခါ
ကျမျက်ရည်တစက်နှစ်စက်
မျက်ဝန်းမှာခိုစီးကာစိုလို့
လူမသိအောင်လဲ
ဖြစ်ခဲ့တယ်.....
လွမ်းတဲ့အခါ
ချစ်သူ၇ှိတဲ့ဆီ
နှစ်ယောက်ဆုံခွင့်
ချစ်တင်းနှီးနှော
မြူးကာပျော်လို့
အိပ်မက်ခါခါ
မက်ခဲ့တယ်.....
လွမ်းတဲ့အခါ
အိုးအိမ်ထူထောင်
သူ့ရဲ့ဘ၀မြင့်မားလှပ
အခြေကျဖို့
ကြိုးစားအားသွန်
မကြာခင်နီးဖို့
ကိုယ့်အားကိုယ်ပေး
နှစ်သိမ့်ရင်းသာ
နေပါတယ်....
စာရွက်ပေါ်ချမေ၇းဖြစ်တဲ့
နှလုံးသားမှစကားတွေလဲ
ငါ့စိတ်ထဲဖွင့်အံထွက်လို့
ချစ်သူဆီအေ၇ာက်
သွားခဲ့တယ်.....
လွမ်းတဲ့အခါ
ကျမျက်ရည်တစက်နှစ်စက်
မျက်ဝန်းမှာခိုစီးကာစိုလို့
လူမသိအောင်လဲ
ဖြစ်ခဲ့တယ်.....
လွမ်းတဲ့အခါ
ချစ်သူ၇ှိတဲ့ဆီနှစ်ယောက်ဆုံခွင့်
ချစ်တင်းနှီးနှော
မြူးကာပျော်လို့
အိပ်မက်ခါခါ
မက်ခဲ့တယ်.....
လွမ်းတဲ့အခါ
အိုးအိမ်ထူထောင်
သူ့ရဲ့ဘ၀မြင့်မားလှပ
အခြေကျဖို့
ကြိုးစားအားသွန်
မကြာခင်နီးဖို့
ကိုယ့်အားကိုယ်ပေး
နှစ်သိမ့်ရင်းသာ
နေပါတယ်....
Saturday, 28 January 2012
ချစ်ကြတယ်
အချိန်တွေက ခြား
နေရာတွေက ဝေး

ဥတုတွေလည်း မတူ
ခြားနား ကွဲပြား
စာနာမှုတရားနဲ့
မင်းနဲ့ ဒို့ ကြားမှာ
စိတ်ချင်းဆက်နွယ်
တယ်လီပသီ လို့
ခေါ်ရမလောက်အောင်
အသည်းတွေပေါက်မတတ်
ချစ်ကြတယ်...............
နေရာတွေက ဝေး

ဥတုတွေလည်း မတူ
ခြားနား ကွဲပြား
စာနာမှုတရားနဲ့
မင်းနဲ့ ဒို့ ကြားမှာ
စိတ်ချင်းဆက်နွယ်
တယ်လီပသီ လို့
ခေါ်ရမလောက်အောင်
အသည်းတွေပေါက်မတတ်
ချစ်ကြတယ်...............
Subscribe to:
Posts (Atom)



